ပြူးကျယ်ရာ.. တော်ပြီနော်.. တော်လောက်ပြီဟာ
ရွာက သာဂိ ရေးသားသူ – ဗညားပိကျိ 🏵️အပိုင်း (၂)🏵️ တစ်လကျော်လောက် အနားယူပြီးနောက်တွင် သာဂိ ပြန်လည် နာလန်ထလာ၏။ သို့ရာတွင် ကိုကျော်ကြီးက သင်မပေးသေးချေ။ သူက စာမေးပွဲပြီးအောင် ဖြေပါဦးဟု ဆိုသည်။ သာဂိကလည်း အတင်းကြီးတော့ မတောင်းဆို။ အဘယ့်ကြောင့်ဆိုသော် စာကျက်ချိန်နည်းပြီး စာမေးပွဲမအောင်မည် စိုးသောကြောင့် ဖြစ်သည်။ စာမေးပွဲဖြေဖို့ကလည်း နှစ်လလောက်သာ လိုတော့သည်ကိုး။ သို့နှင့် စာမေးပွဲ ဖြေပြီးမှသာ ကိုကျော်ကြီး၏ သင်တန်းကို တက်ခွင့်ရသည်။ ကိုကျော်ကြီးက သင်တန်းသားသစ် သာဂိကို ဒိုက်ထိုးခိုင်း၏။ ဘောကန်နေကြ သာဂိက ပြုံးသည်။ ဒါကို ကိုကျော်ကြီးကတွေ့တော့ ပြူးကျယ်ကို နမူနာပြခိုင်း၏။ ပြူးကျယ်သည် သံမံတလင်းပေါ် လက်သီးထောက်ပြီး ဒိုက် ၂၅ ခါ ထိုးပြသွား၏။ ဒီအရေအတွက်ကတော့ … Read more