အရင်က ကလေးလိုချစ်တယ်၊ အခု ကလေးလိုရော ချစ်သူလိုရောချစ်တယ်။

“ဒေါက် ဒေါက် ဒေါက်” “ဆရာ၊ ဆရာ၊ ဆရာကိုတာရာ၊ ခြံရှေ့မှာ ဧည့်သည်ရောက်နေတယ်။” ထမင်းချက် အိမ်ထိန်း အဒေါ်ကြီး မနန်းပုံရဲ့ အခန်းတံခါးကို ဆက်တိုက်ခေါက်သံနဲ့အတူ ခြံရှေ့က လူခေါ်ဘဲလ်ကိုအဆက်မပြတ် တီးသံကြောင့် ကျနော်လန့်နိုးလာတယ်။ ကျနော့်လက်မောင်းပေါ် ခေါင်းအုံးပြီးအိပ်နေတဲ့ ခမ်းစုမီလဲ မျက်လုံးပွင့်လာတယ်။ “မနန်းပုံ၊ မနက်အစောကြီး ဘယ်ကဧည့်သည်လဲဗျ။” “ခမ်းစုမီရည်းစား ဟိုအဆိုတော်ကောင်လေးရောက်နေတာ။” ကျနော် ဝုန်းဆိုပြီး ခုတင်ပေါ်ကခုန်ဆင်းလိုက်မိတယ်။ အခန်းတံခါးကို ဆွဲဖွင့်ပြီး လျှောက်လမ်းကနေ ဧည့်ခန်းထဲ ဝင်ပြီး သော့တွဲကိုယူတယ်။ ပြီးတော့ အိမ်တံခါးဖွင့်ပြီး ခြံထဲကို ခြေလှမ်းကျဲကျဲနဲ့ဖြတ်လျှောက်လာတယ်။ ခြံဝမှာ သံပန်းတံခါးကိုကိုင်လှုပ်လိုက်၊ ဘဲလ်တီးလိုက် လုပ်နေတဲ့ စဝ်ခွန်နောင်ကို တွေ့ရတယ်။ သူ့ဘေးမှာလဲ ခရီးဆောင်အိတ်တစ်အိတ်ကို မြေကြီးပေါ်ချထားတယ်။ ခုမှ ကားပေါ်ကဆင်းလာပြီး အိမ်တောင် မပြန်ရသေးတဲ့ပုံပဲ။ ကျနော် သော့ဖွင့်ပြီး … Read more