အရမ်းချစ်ခဲ့ပါတယ်…။ ပြင်ဦးလွင်သူလေး ချိုရယ်…
တောင်ပြာတန်းက မောင့်ချစ်သူ ရေးသားသူ – အမည်မသိ 🎶မေမြို့ သို့မဟုတ် ပြင်ဦးလွင် တိမ်ခိုးကလေးများ ရစ်သိုင်းပါလို့ဆင် …. ပန်းကမ္ဘာမျှော်စင် လှမ်းသာခေါ်ချင် …🎶 ဆိုတဲ့ သီချင်းကို နားထောင်ဖူးကြလား မသိဘူး..။ ကျနော် ပြင်ဦးလွင်သူလေး တစ်ယောက်နဲ့ ဖူးစာဆုံဖြစ်ခဲ့တဲ့ အကြောင်းလေး ပြောပြချင်လို့ ပြောပြရဦးမယ်ဗျာ…။ ကဲ… စမယ်။ တစ်နေ့ … ကျနော် ပထမနှစ် ကျောင်းပိတ်တုန်းကပေါ့။ ဧပြီလ နွေရာသီ ကျောင်းပိတ်တော့ အိမ်ကအဖေရယ်၊ အမေရယ်၊ ကျနော်ရယ် သုံးယောက်သား ကားလေးနဲ့ ပြင်ဦးလွင်ကို သွားလည်ဖြစ်တယ်ဗျ။ ကျနော်တို့နေတာက မန္တလေးဆိုတော့ ပြင်ဦးလွင်နဲ့ နေ့ချင်းပြန် သွားလို့ရတယ်။ ဘာရယ် မဟုတ်ပါဘူး။ တစ်နေကုန် ဟိုသွားဒီသွား လျှောက်သွားကြမယ်ပေါ့။ မရောက်တာကြာတာလည်း ပါတာပေါ့။ မနက်စောစော […]
ချစ်လိုက်တာ အိဝါရယ်
ချစ်ရပါသော အိဝါ ရေးသားသူ – သာဂိ တက္ကသိုလ် ကျောင်းတွေ ဖွင့်ချိန် နေစိုး တစ်ယောက် ပျော်နေသည်။ 10 တန်း အောင်ကတည်းက တက္ကသိုလ် တက်ရမည့် အချိန်ကို မျှော်နေခဲ့ရသည်။ တက္ကသိုလ် ကျောင်းသားဘဝ ခံစားမှု၊ ပျော်ရွှင်ဖွယ် ကောင်းမှုများကို video ဇာတ်လမ်းများ ကြည့်ပြီး ရူးသွပ်ခဲ့ရသူ ဖြစ်သည်။ မြန်မာစာ major ရရှိပြီး မန္တလေးတက္ကသိုလ်တွင် တက်ရမည် ဖြစ်သည်။ မန္တလေးတွင် အဖေ့ညီ ဦးလေး မိသားစု ရှိသည်။ ဦးလေးတို့က အမျိုးသမီးအဆောင် ဖွင့်ထားသည်။ ကျောင်းတက်လျှင် ဦးလေး အိမ်၌ နေရမည်ဟု မိဘများက ပြောလာသောအခါ နေစိုး အကြောက်အကန် ငြင်းမိသည်။ မိန်းကလေးအဆောင် ဖွင့်ထားသည့်အပြင် ဦးလေးအိမ် ဖြစ်နေသဖြင့် […]
ကိုကိုရယ်.. ဖွေး ရင်မောလိုက်တာကွယ်
ခါးပိုက်ထဲက မြွေပွေး ရေးသူ – ရာဂနတ်သား အညာနွေသည် ပူလောင်လှသည်။ သို့သော်….. ဤအပူကို ဂရုစိုက်ပြီး လူသားတို့၏ လုပ်ငန်းတောင်တာများကို ရပ်ဆိုင်းရမည်ဆိုလျှင် လွန်စွာဆိုးချေမည်။ ထို့ကြောင့်လည်း နွားနှစ်ကောင်ရုန်းသော လှည်းကလေးသည် လူ(၄)ဦးကို တင်ဆောင်လျက် ပျဉ်းမပင်ရွာဆီသို့ သွားရာလမ်းအတိုင်း နှင်နေသည်။ လှည်းပေါ်တွင် နွားလှည်းမောင်း ကိုသာမြ၊ ရွာလူကြီး ဦးကြွက်နီ၊ ကာလသားခေါင်း ကိုဘဒင်နှင့် ၎င်းတို့ သွားရောက်ကြိုဆိုခဲ့သော ဆရာကိုနေနွယ် ပါလေသည်။ ကြမ်းတန်းသော ရာသီကြောင့် ဆရာတစ်ယောက်ပြီးတစ်ယောက် ပြောင်းပြေးရသည်။ ယခုလည်း တစ်ယောက်လာချေပြီ ။ “ အတော်တော့ ပူတယ်နော် အဘ……” “ အေးကွဲ့ မတရားပူတယ်လို့ဘဲ မင်းတို့အောက်သားလေနဲ့ ပြောရမှာဘဲ …။ ဒါပေမဲ့ ဆရာလေးရယ် တတ်နိုင်သလောက်တော့ နေပေးပါ …။ […]