ယု..လေ….ကိုနဲ့ ဒီနေ့က စပြီးအတူနေချင်တယ်…
မှန်ကို သေချာကြည့်လိုက်သည်……လှနေဆဲ……မိန်းခလေးသုံး လိုင်နာဆွဲသော…သေတ္တာ ပြားပြားလေးရှိ မှန်က မျက်နှာတခုလုံး မမြင်နိုင်သော်လဲ……..မိမိကိုယ် မိမိ လှနေသေးကြောင်း…..ထင်လိုက်သည်…..ဘဝတွင် နာကျဉ်မှု…ဝမ်းနည်းမှု သိက္ခာတရားတို့ ထပ်မံမရှုံးဆုံး နိုင်တော့ပြီ…….ထပ်မံလဲ ရှုံးဆုံးစရာ အလျှင်းမရှိတော့ပြီ….တကောင်ကြွက် တမျက်နှာဟူသည်….အမည်နာမ သာ ဆိုးသည်….သူမ အတွက်တော့ အကောင်းဆုံးပင် ဖြစ်နိုင်သည်……မိမိဘဝ ခုမှ သုညဘဝ ဖြစ်နေသည်…..အရာရာက သူမအပေါ်မတရား…..ဘာမှမရှိလေ ကောင်းလေ……သို့သော်….သူမ မြတ်နိုးတာက အခုသူမ ကိုင်ထားသော လိုင်နာဗူးပြားပြားလေး နှင့် ထိုပစ္စည်းလေးပေးခဲ့သူ……သူမ အတွက် မိဘ ….မောင်…ညီမ….ဘာမှမလို….ဘာမှလဲမရှိတော့…..ဘာတွေဖြစ်မှန်းလဲမသိ တော့…….သူမ ဘာလုပ်ခဲ့သနည်း….. မှန်ကိုကြည့်ပြီးသူမ ပြုံးလိုက်သည်……ပြုံးနေသော မျက်နှာအောက်တွင် ဝမ်းနည်းသောအမူအရာ…..နောက် နာကြည်းသောအမူအရာ……. ဒုန်း…….ကျွီ……..ဟူသော အသံနှင့် အတူ….ရဲ ဝတ်စုံဝတ် …ရဲမေ ၂ ယောက်…ရောက်လာသည်…. “အပြစ်သူ….မယုယု……တရားရုံးသွားမယ်….လာခဲ့…..” သူမကတော့ မကြား…သူအတွေးနှင့်သူ…….ရဲမေ ၂ယောက်က စိတ်မရှည်နိုင်တော့……..ချိုင်း ၂ … Read more