ခင်ငြိမ်းရယ်မောင့်ကိုခွင့်ပြုပါကွယ်” “

ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခု တစ်ကောင်ကြွက်ဖြစ်နေပြီ။ငယ် ငယ်ကတည်းကအမေဆုံးတယ်။ ကျောင်းပြီးတော့အဖေဆုံးပါးသွား ပြန်တယ်။လူ့လောကအလယ်မှာ တစ်ယောက်တည်းကျန်နေတယ်။ ပျင်းရိစရာအရမ်းကောင်းတယ်။ ဒါတောင်မှအဖေကနေစရာအခန်း လေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ ကျနော်မှာနေထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက်စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ ခင်ခင်ငြိမ်းကလည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီက(စီအီးအို) ကလည်းသဘော ကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။အစက တော့ကျနော်ခင်ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာ တော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေ မှာပါ။ဒါပေမယ့်ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မစားနိုင်ဖြစ်သလိုပဲ ချက်ပြုတ်စားသောက်တတ်တာ။ သူကတော့သူ့ဘာသာချက်ပြုတ်စားတတ် တဲ့အတွက်အမြဲပဲကျနော့်အတွက်ဟင်းပိုထည့်ခဲ့တယ်။ ”ခင်ငြိမ်း ဘာချ က်လာသလဲ” ကိုဇော် ကရောဘာချက်လာသလဲ” “ကြက်ဥကြော်ပဲ” “ထင်သားပဲ” အင်းလေငါလဲဒါပဲချက်တတ်တယ်” လာပါခင်ငြိမ်းမှာစုံတယ်၊ခင်ငြိမ်းအပိုချက်လာတယ်” “ဟဲ့ခင်ငြိမ်းနင်ကကိုဇော့်အတွက်ပဲ ချက်လာသလား၊ငါတို့အတွက်မပါဘူးလား” (စီအီးအို) ကလှမ်းစတယ်။ “အာဆရာကလည်းဆရာမှာကအ စစအရာရာပြည့်စုံတယ်၊သမီးဟင်းဆရာဘယ်စားမလဲ” ”နင်ကမကျွေးချင်ရင်ဒီလိုပဲ” ”မဟုတ်ပါဘူးဆရာရယ်၊ဆရာစား ချင်တာပြောခင်ငြိမ်းသေချာချက် လာပါ့မယ်” ”ဟားးးဟားးစတာပါခင်ငြိမ်းရာ၊ကိုဇော်ကိုပဲသေချာချက်ကျွေးလိုက်ပါ။ ဒီကောင်ဟင်းကြည့်လိုက်ရင်ကြက်ဥကြော်ပဲ” ”ဟုတ်တယ်ဆရာရေ” “ကိုဇော် မင်းငါ့ဆီကဟင်းလာယူ၊မင်းအမလဲ မင်းအတွက်ပိုထည့်ပေးလိုက်တယ်””ဟုတ်ကဲ့ပါဆရာ” “ခင်ငြိမ်းနင်နှော်ငါမပြောမရှိနဲ့၊ ကိုဇော်ကငါတွေ့ဖူးတဲဝန်ထမ်းထဲ မှာ တော်တဲ့လူထဲပါတယ်” “ဆရာကလည်းမြှောက်နေပြန်ပြီ””တကယ်ပြောတာ၊ဥက္ကဌကလည်း … Read more

အနေနီးလို့

မြိုစွန်တနေရာ အဝေးပြေးလမ်းမကြီး အနောက်ဖက် ပျံကျဈေးလေးက ရောင်းသူဝယ်သူ အသံပေါင်စုံနဲ့ ဆူညံနေတာဗျို့။ကျုပ်လည်း မိန်းမကို ဈေးခင်းပေးပြီး အိမ်ပြန်ဖို့ နုတ်ဆက်လိုက်တယ်။ ” မချို ငါပြန်ပြီ နေ့လည်ကျမှ လာတော့မယ် “ ” အင်းပါ ကိုမောင်ခြိမ့် … အိမ်ရောက်ရင် ကလေးသေချာကြည့်နော် “ ကျုပ်မိန်းမ မချိုကလည်း ရောင်းမယ့်ပန်းတွေ ရေဝတ်အုပ်ရင်း ပြန်နုတ်ဆက်နေတာပါ။ဟုတ်တယ် ကျုပ်နာမည် မောင်ခြိမ့်ဗျ။ငယ်ငယ်ထဲက အတူနေရတဲ့ ဘဒွေးက ပေးထားတာ။မိဘတွေက ကျုပ်ကလေးဘဝထဲက ရှေ့ဆင့်နောက်ဆင့်ဆုံးသွားတော့ မမှတ်မိတော့ပါဘူး။ ဘဒွေးကပဲ လေးတန်းထိ ကျောင်းထားပေးပြီး တောင်ယာဝင်လုပ်ခိုင်းတာ။ကျုပ်က အပင်ပန်းခံနိုင်ပေမယ့် တောင်ယာအလုပ်ကျ ဝါသနာမပါဘူးဗျ။ဒါနဲ့ လူပျိုပေါက်ရောက်တော့ ဘဒွေးက ဆိုက္ကား တစ်စင်းဝယ်ပေးပြီး ဒီဈေးလေးထဲ ဂိတ်ထိုးခိုင်းတော့တာပဲ။ကျုပ်ဆိုက်ကားနင်းတော့ ၃နှစ်လောက်ကျ ဘဒွေးလဲဆုံးရော။ကျုပ်အိမ်ထောင် မကျခင်ကတည်းက မြှာပွေတယ်ခေါ်မလား ဂေါ်စွံတယ်ခေါ်မလားပဲ။ပန်းရံသမကနေစပြီး … Read more

ဆရာကြီးစိန် နဲ့ တွေ့ရင်ပျောက်ရစေမပေါ့ကွယ် .

ဆရာကြီးစိန် ဆိုလျှင် မသိသူမရှိသလောက်ပင်။ ဆရာကြီးစိန် သည်ပျောက်စေဆရာကြီးဖြစ်သည်။ ဆရာကြီး ဟုသာခေါ်နေရသောလည်း အသက်မှာ(၃၄)နှစ်ခန့် သာရှိသေးသည်။ အရပ်ရှည်ရှည်၊ ဗလကောင်းကောင်း၊ အသားညိုညိုဖြစ်ကာ နှုတ်ခမ်းမွှေးစစ မဟာနဖူးဖြင့် ခန့်ထည်သူတစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က ဘိုးတော်ကြီးတစ်ဦး၏နောက်တွင် ဝေယျာဝစ္စလုပ်ရင်း နှစ်နှင့်ချီလိုက်ပါခဲ့ရာမှ ပျောက်စေအတတ်ကို တတ်မြောက်လာခြင်းဖြစ်သည်။ သူ၏ အမည်ရင်းမှာ ဂျင်အောင်ဖြစ်ပြီး ရန်ကုန်သားဖြစ်လေသည်။ သူ၏ဆရာ ဘိုးတော်ကြီးမှာ ဘယ်ရောက်လို့ ဘယ်တောင်တက်သွားသည်မသိ၊ ဂျင်အောင် ကတော့သူ့ဝမ်းသူကျောင်းကာ ဆရာကြီးတစ်ဆူဖြစ်၍ပင်နေတော့သည်။ ယခုလည်း ဆရာကြီးစိန် သည် မြို့ကြီးတစ်မြို့နှင့်မနီးမဝေး ကျေးရွာကြီးတစ်ရွာနှင့် တစ်ခေါ်လောက်ဝေးသော တောင်ကုန်းလေးပေါ်ရှိ စေတီတစ်ဆူဘေးတွင် ခိုင်ခန့်သောတဲကြီးတစ်လုံး ဆောက်ကာ သတ္တဝါများကို ကယ်မနေလေသည်။ ဆရာကြီးစိန် သည် ယောဂီရောင်အကျႌ နှင့် ယောဂီရောင်ပုဆိုးကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး ပုတီးခပ်ကြီးကြီးတစ်လုံးကို လည်ပင်းတွင် ဆွဲထားတတ်သည်။ သူ၏ … Read more