“ မမ… က ဘာမှမပြောရင် ကျနော်က ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူးလေ…
လက်တစ်ဖက်က ရေဖလားကို ကိုင်ပြီး ရေစည်ထဲတွင် ပြည့်လျှံနေသော ရေများထဲသို့ ထိုးနှစ်ကာ ခပ်လိုက်ပြီး ကိုယ်လုံးပေါ်ကို လောင်းချလိုက်တဲ့ အချိန်မှာပဲ ကျမဟာ သူ့ကို လှမ်းတွေ့လိုက်ရပါတယ်။ သူက မြေပြင်ပေါ်မှာ အုန်းလက်အလယ်ကြောရိုး အရင်းပိုင်းတစ်ပိုင်းကို ဖင်ခုပြီးထိုင်နေရာက လက်ထဲမှာ ဓားပါးလေးတစ်ချောင်း ကိုင်ထားပြီး အုန်းလက်လေးတွေကို တံမြက်စီးတန်သပ်နေရာကနေ ကျမကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတာကို တွေ့လိုက်ရပါတယ်။ ကျမရေချိုးနေတဲ့နေရာနဲ့ သူရှိတဲ့နေရာကြားမှာ ပန်းခြုံလေးများရှိကာ တစ်ယောက်နဲ့ တစ်ယောက်လည်း ပေ (၂၀) နီးပါးလောက် ဝေးလေတော့ မတ်တပ်ရပ်ပြီး ရေချိုးနေတဲ့ ကျမက မြေပြင်ပေါ်မှာထိုင်နေတဲ့ သူ့ကို သဲသဲကွဲကွဲ မြင်နေရပေမယ့် သူကတော့ ကျမ သူ့ကို တွေ့နေရတယ်ဆိုတာ သိပုံမရပါဘူး။ သူ့ကိုတွေ့လိုက်ရပြီး သူက ကျမကို ခိုးကြောင်ခိုးဝှက် ကြည့်နေတယ်ဆိုတာလည်း ကျမက … Read more