မေကြည်နူးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တဲ့ ငါ့
Celebrity News and Knowledge Search for Home/Love Love အခန်း ( ၁ ) နွေလေရူးက ဟို…သည် တိုက်ခတ်နေသည်ထင်၏။ ညမွှေးပန်းရနံ့က တစ်ချက်တစ်ချက် အခန်းထဲသို့တိုင် ရောက်ရှိလာခဲ့သည်။ အိပ်မပျော်နိုင်လောက်အောင် အတွေးများနှင့် ယောက်ရက်ခတ်နေသော ဘုန်းသုတ တစ်ယောက်အတွက် မွှေးအီလှသောပန်းရနံ့ကို ခံစားမနေဖြစ်ပေ။ သူ့အတွက် ခံစားစရာ ခံစားချက်တစ်ခုက ရင်ဝယ်အသင့်ရှိနေပြီးသား ဖြစ်နေသည်။ ပန်းရနံ့လိုပင် ထုံအီမွှေးပျံ့သော ပန်းဘုရင်မလေးအကြောင်းက သုတအတွေးများကို စိုးမိုးထားလျှက်ရှိနေသည်။ အချစ်သည် လူကိုသည်မျှထိအောင် ဖမ်းစားနိုင်သည်တဲ့လား။ မေကြည်နူး…. နာမည်လေးတစ်ကြောင်းဘဲရေးပြီး ဘာဆက်ရေးရမယ်မှန်းမသိ ဖြစ်နေပြန်သည်။ ခေတ်ဟောင်းအထာနှင့် စာပေးရန် ကြိုးစားမှုကလည်း အထမြောက်လိမ့်မည်မထင်။ ဖွင့်ပြောရဲဖို့သတ္တိကလည်း ကိုယ့်မှာကမရှိ။ ငယ်သူငယ်ချင်းလေးအပေါ် စိတ်ကစားမိခြင်းက ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်စရာကောင်းပါသလား။ အချစ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ … Read more